Monday, June 30, 2008

ကျွှန်တော်ရဲ့ ရူးကြောင်ကြောင်အတွေးများ.....

လူတစ်ယောက် အသက်ရှင် ရပ်တည်နော စိတ်ရဲ့ လှုံဆော်မှူ ၉၀ % ရှိတယ်လို့ယူဆရင် မှန် လား မှားလား.....



လူတစ်ယောက်ရဲ့ အောင်မြင်မှူ ဆုံးရှုံးမှူ ဟာအဲ့ဒီလူရဲ့ စိတ်ရဲ့ လှုံဆော်ဖန်တီးမှူ ပေါ်မူတည်တယ်....ဟုတ်လား...
လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲနိုင် အောင် ပတ်ဝန်းကျင် ရဲ့ ဖန်တီးမှူ ၃၀% မွေးရာပါဗီဇက ၂၀% ကျန်တာ က အဲ့ဒီလူရဲ့ စိတ် လို့ သတ်မှတ်ပြီး တိုင်းတာကြည့်မယ်ဆိုရင် မှန်နိုင်ပါ့မလား။
လူတစ်ယောက်ရဲ့ စိတ်ခံစားမှူတိုင်းကြောင့် အဲ့ဒီလူရဲ့ အကျိုးအပြစ် ကိုဖြစ်ပေါ်စေတယ်... အဲ့ဒီခံစားချက်တိုင်းကို ခွဲခြား သိမြင်စေတာက အဲ့ဒီလူရဲ့ ရင့်ကျက် မှူနဲ့ အသိညဏ် လို့ သတ်မှတ်ချင်တယ်....

[+/-] ဆက်ဖက်မယ်...

အမြင်

လူတိုင်းလူတိုင်း ဘယ်အရာ၊ ဘယ်နေရာကိုဘဲကြည့်ကြည့် မျက်စိနဲ့ဘဲကြည့် ကြတယ်....


ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှအမြင်ချင်းမတူညီကြဘူး.... တူညီတာထဲက ကွဲပြားနေတာဆိုတာ လက်တွေ့ဘဲ.... ကျွှန်တော်လက်ခံထားတဲ့ အရာရှိတယ် ... အခုလောလောဆယ် လက်ဖ၀ါးကိုဖြန့်ပြီး ရှေ့တည့်တည့်မှာ တည့်တည့် ထောင်ပြီး ကြည့်လိုက်ရင် ခင်ဗျာမြင်ရတာဘက် ကို ခင်ဗျာရဲ့ ရှေ့တည့်တည့်က မမြင်ရတာတဲ့အတွက် ... ဒီဘက်ကကြည့်ရင်လက် ဖ၀ါး ဟိုဘက်ကကြည့်ရင်လက်ဖမိုး တဲ့ ......တစ်ယောက်နဲ့တစ်ယောက်အမြင်ခြင်း မတူညီလို့လည်း ... ကိုးကွယ်တဲ့ ဘာသာတွေ လက်ခံယုံကြည်ထားတဲ့ မှုဝါဒတွေ၊ အတွေးအခေါ်တွေ၊ အများအများကြီးအများကြီး ကွဲပြားသွားတာပေါ့...... အဲ့ဒါတွေကလည်း ဘယ်တော့မှတူညီနိုင်မှာ မဟုတ်ပါဘူး။ ကလေးအတွေးနဲ့ပြောရရင် ကမ္ဘာကြီး ဟာ 23 1/2 ဒီဂရီ လည်ပတ်နေတယ်လို့ ပြောလို့ရလား။

[+/-] ဆက်ဖက်မယ်...

Thursday, June 26, 2008

ကြားဖူးခဲ့သောပုံပြင်ဟောင်းလေး.......

ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေတဲ့ .. တံငါသည်လေးမောင်ဖိုးပျော် ဆိုတဲ့ ကောင်လေးတစ်ယောက်....နဲ့ ငါးဖမ်းလုပ်ငန်းကိုလုပ်နေတဲ့ ကုမ္မဏီ ပိုင်ရှငိ ဦးလူကလေး . ဆိုတဲ့ ပုံပြင်ဟောင်းလေးတစ်ခုကိုပြောပြချင်တယ်..


မောင်ဖိုးပျော်က ပျော်ရွင်မှုကိုနှစ်သက်တယ်... မိဘမဲ့ တစ်ကောင်ကြွက်... ဆင်းရဲတယ်... နေ့တိုင်း ပင်လယ်ပြင်မှာ လှေငယ်လေးတစ်စီးနဲ့ ငါးဖမ်းထွက်လေ့ရှိတယ်... သူတစ်နေ့တာအတွက် ငါးလေးတွေ လေးငါးကောင်လောက်ဖမ်းပြီး ဘ၀ကိုကျေကျေနပ်နပ်နဲ့ ဖြတ်သန်းနေတဲ့ တံငါငယ်လေးတစ်ယောက်ပေါ့ ..... ဦးလူကလေး ဟာဟိုယခင်က မောင်ဖိုးပျော်လိုဘဲ ဆင်းရဲသားတံငါငယ်လေးဘ၀ ကနေနေ့တိုင်းကြိုးစားလုပ်ကိုင်ပြီး အခုတော့ ငါးဖမ်းလုပ်ငန်းကြီးတစ်ခုကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်နေတဲ့ သူဌေးကြီးဦးလူကလေးပေါ့.... တစ်နေ့မှာတော့ ဦးလူကလေးဟာသူရဲ့ ငါးဖမ်းသဘောင်္ကြီးနဲ့ ပင်လယ်ပြင်ကိုငါးဖမ်းထွက်လာခဲ့တယ်... ဦးလူကလေးက အလုပ်ကိုအရမ်းကြိုးစားပြီး သူရဲ့လုပ်ငန်းတွေနဲ့ သူရဲ ချမ်းသာကြွယ်ဝမှုကို တိုးပွားအောင် အမြဲ ကြိုးစားနေတာပေါ့.. ဒါကြောင့်လည်း နေ့မအားညမအား အလုပ်လုပ်တဲ့အတွက် အရမ်းပင်ပန်းနေတာပေါ့ သူစိတ်ကိုသူကျေနပ်အောင် သူမစွမ်းဆောင်နိုင်သေးဘူး... သူသင်္ဘောပေါ်မှာ အတွေးတွေအများကြီးနဲ့ ရွက်လွင့်လာခဲ့တယ်... အဲ့ဒီအချိန်မှာဘဲ တံငါသည်မောင်ဖိုးပျော်ရဲ့ လှေငယ်လေး တစ်စီးကိုတွေ့သွားတယ်... မောင်ဖိုးပျော်ဟာ လှေငယ်လေးပေါ်မှာ ဇိမ်ကျကျ အိပ်နေတယ်.... ဦးလူကလေးက မောင်ဖိုးပျော်ကိုတွေ့တော့ သူတော်တော်စိတ်ညစ်သွားတယ်.... သူကမောင်ဖိုးပျော်ကိုပြောတယ်
ဦးလူကလေး။ ။မင်းဘာတွေလုပ်နေတာလဲ
မောင်ဖိုးပျော်။ ။ကျွှန်တော်အနားယူနေတာပါ။
ဦးလူကလေး။ ။မင်းက ဘယ်ကလဲ
မောင်ဖိုးပျော်။ ။ကျွှန်တော် ညောင်ပင်သာရွာက တံငါသည်မောင်ဖိုးပျော်ပါ။
ဦးလူကလေး၊ မင်းက အခုငါးမမျှားဘဲနဲ့ဘာလို့အနားယူနေတာလဲ။
မောင်ဖိုးပျော်။ ။ကျွှန်တော် ငါးမျှားပြီးသွားပါပြီ။ကျွှန်တောပုံမှန်မျှားနေကြငါး လေးငါးဆယ်ကောင်ရလို့ အနားယူနေတာပါ။
ဦးလူကလေး။ ။မင်းကလည်းငါးတွေနောက်ထက်ထက်မျှားပေါ့ကွ ဒါမှမင်းလှေကလေးသေးသေးကလေးကနေ လှေကြီးကြီးနဲ့ငါးဖမ်းနိုင်မှာပေါ့ကွ။
မောင်ဖိုးပျော်။ ။လှေကြီးကြီးရတော့ရော ဘာဖြစ်လို့လဲ။
ဦးလူကလေး။ ။ဟာမင်းကလဲ လှေကြီးကြီးရတော့ ငါးအများကြီးဖမ်းပြီး ပိုက်စံအများကြီး ရတာပေါ့ကွ။
မေင်လူကလေး။ ။ပိုက်ဆံအများကြီးရတော့ရော ဘာလုပ်လို့ရလို့လဲ။
ဦးလူကလေး။ ။မင်းကလည်းပိုက်ဆံတွေအများကြီးရတော့ ငါလိုမျိုး ချမ်းချမ်းသာသာနဲ့နေရတာပေါ့ကွ။လုပ်ငန်းတွေအများကြီးတိုးချဲ့လို့ရတာပေါ့။
မောင်ဖိုးပျော်။ ။အဲ့ဒီလိုမျိုးချမ်းသာတော့ရော ဘာထက်ဖြစ်မှာလဲ။
ဦးလူကလေး။ ။ဟာမင်းကလည်းအဲ့ဒီလိုချမ်းသာတော့ နားနားနေနေ နေလို့ရတာပေါ့ကွ
...................................................................................
အဲ့ဒီလိုပြောလိုက်တော့ မောင်ဖိုးပျော်က ပြန်ပြောလိုက်တယ်...... "ကျွှန်တော်လည်း ဘာလုပ်နေတယ်ထင်လို့လဲ.....ကျွှန်တော်လည်း နားနားနေနေနဲ့ အနားယူနေတာပါ...........
စဉ်းစားကြည့်ပါ ဘယ်သူဘက်ကရပ်တည်မလဲ......
ဘယ်လိုလူမျိုးရောဖြစ်ချင်လဲ.............
အဲ့ဒီနှစ်ယောက်ထဲက ဘယ်သူမှားတယ်လို့ထင်လဲ........
ဘယ်သူမှန်တယ်လို့ရော ထင်လဲ......................

[+/-] ဆက်ဖက်မယ်...

ယုံကြည်မှုတစ်ခု

ွတရားရုံးတစ်ရုံးမှာ အမှုတစ်ခုဖြစ်တဲ့အခါ.... အဲ့ဒီအမှုအတွက် တရားလိုနဲ့ တရားခံရှိတယ်.... အဲ့ဒီတရားခံနဲ့ တရားလိုအတွက် အမှုကိုလိုက်ပေးဖို့ တရားခံအတွက် ရှေ့နေတစ်ယောက် တရားလိုအတွက် ရှေ့နေတစ်ယောက် ရပ်တည်ပေးရတယ်... ဒီလိုဘာပဲ လောကကြီးမှာ ဆင်းရဲတဲ့ လူအတွက်ရော ချမ်းသာတဲ့လူအတွက်ရော ရပ်တည်ပေးမယ့် ကံတရားဆိုတာ ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်.......

[+/-] ဆက်ဖက်မယ်...

ဘာကြောင့် ဆင်းရဲနေကြတာလဲ.......

လူဆင်းရဲတာလား... စိတ်ဆင်းရဲတာလား... ဘယ်တုန်းကဆင်းရဲတာလဲ.... လူလောကကြီးထဲကိုစ၀င်ကတည်းက ဆင်းရဲနေတာလား.. ရန်သူမျိုးငါးပါးကြောင့်ဆင်းရဲတာလား.... မိမိရဲ့ညံဖျင်းမှူကြောင့်ဆင်းရဲနေတာလား.... လောကကြီးကိုအရွဲ့တိုက်နေလို့ ဆင်းရဲတာလား... ကံကြမာကြီးကို လောင်းကြေးထပ်နေလို့ ဆင်းရဲနေတာလား ဘယ်လိုအခြေအနေမျိုးကိုဆင်းရဲတယ်လို့ခေါ်လဲ... ဘယ်ပေတံနဲ့ တိုင်းလဲ...ဆင်းရဲတဲ့လူကရော ပျော်ရွင်မှုတွေမရှိတော့ဘူးလား... အမြဲတမ်းဆင်းရဲနေမှာလား....ဆင်းရဲတဲ့လူတွေက ပစစည်းပြည့်စုံမှုမရှိလို့ ဆင်းရဲတယ်လို့ခေါ်တာလား... အခုလက်ရှိဆင်းရဲနေကြတဲ့လူတွေကရော ဘာတွေလုပ်နေကြလဲ... ဆင်းရဲတဲ့လူရဲ့ ပျော်ရွင်မှုကဘာလဲ.... နောက်ဆုံးတော့ ဆင်းရဲတဲ့လူတစ်ယောက်လဲ ဘယ်လိုနည်းနဲ့သေမလဲ......


[+/-] ဆက်ဖက်မယ်...

ဘယ်သူအတွက်ချမ်းသာချင်တာလဲ........

ဘယ်သူတွေချမ်းသာနေကြတာလဲ ဘယ်နေရာမှာချမ်းသာနေကြတာလဲ ဘာလို့ချမ်းသာနေကြတာလဲ.......စိတ်ချမ်းသာတာလား.... လူချမ်းသာတာလား...... မွေးရာပါချမ်းသာတာလား.... မိဘကချမ်းသာတာလား..... ဆွေမျိုးကြောင့်ချမ်းသာတာလား.... ကံတရားကြောင့်ချမ်းသာတာလား.... ဘာအကြောင်းကြောင့်ချမ်းသာတာလဲ........ချမ်းသာတဲ့လူတွေ ပျော်ရွင်နေကြလား...အမြဲတမ်းရောချမ်းသာနေမှာလား......


ကျွှန်တော်ကိုဒီလိုမေးခွန်းလာမေးရင် ကျွှန်တော်ဘယ်လိုဖြေရမလဲ..... ဘယ်လိုနည်းနဲ့ချမ်းသာချမ်းသာ အဲ့ဒီလူက လူချမ်းသာတစ်ယောက်လို့သတ်မှတ်လို့တော့မရဘူး... သက်ရှိလူသားတိုင်းလူသားတိုင်း ချမ်းသာကြွယ်ဝမှူကိုလိုချင်တတ်မှတ်တယ်... ဘယ်အတိုင်းတာထိလဲ.... ဘယ်လောက်ထိလဲ... သေတဲ့ထိဘဲလား.... ချမ်းသာတဲ့လူတိုင်းပြည့်စုံတယ်လို့သတ်မှတ်လို့ရလား... ချမ်းသာတဲ့လူတိုင်းဘယ်တော့မှာပြည့်စုံမှာမဟုတ်ပါဘူး... လူတိုင်းလူတိုင်း ငွေကြေး၊ ပစ္စည်း နဲ့ စိတ်ချမ်းသာပြည့်စုံမှူကို ဘယ်အရာကို ပိုပြီးဦးစားပေးကြလဲ... သူတို့ချမ်းသာတာကရောဘယ်အတွက်ချမ်းသာချင်တာလဲ.. မိမိအတွက်လား...သားသမီးအတွက်လား.. မိဘအတွက်လား... ဘယ်သူအတွက်လဲ....ဘယ်လိုနည်းနဲ့ချမ်းသာအောင်လုပ်မှာလဲ.... နောက်ဆုံးတော့ ချမ်းသာတဲ့လူတစ်ယောက်လဲ ဘယ်လိုနည်းနဲ့ သေကြရမလဲ......

[+/-] ဆက်ဖက်မယ်...

Wednesday, June 25, 2008

နားမလည်နိုင်သောမေးခွန်းများ.....

ဘယ်သူတွေပျော်နေကြလဲ.... ဘယ်သူတွေစိတ်ညစ်နေကြလဲ... ဘာလို့ပျော်နေကြတာလဲ.... ဘာလို့စိတ်ညစ်နေကြတာလဲ.... လူတိုင်းလူတိုင်းမတူညီကြပါဘူး.. ဘာလို့ချမ်းသာနေကြတာလဲ.. ဘာလို့ဆင်းရဲနေကြတာလဲ... အဲ့ဒီအရာတွေကိုရောဘယ်သူကသတ်မှတ်နေတာလဲ... လောကကြီးကိုဘယ်သူက စီရင်ချက်ချနေတာလဲ..


မိမိရဲ့ ကံကြမ္မာကို မိမိဖန်တီးတယ်ဆိုတာရောဟုတ်လား.. ဘယ်လိုဖန်တီးတာလဲ... ကံဆိုတာလူကလုပ်တာတဲ့.... ဘယ်လိုလုပ်တာလဲ..... မင်းသေရင်ရော ဘာဖြစ်မှာလဲ..... ဘယ်တော့ရောမင်းသေမှာလဲ.... မင်းရောသေပြီးရင်ဘာဖြစ်မှာလဲ.... မသေခင်ရောမင်းဘာဖြစ်အုန်းမလဲ...

[+/-] ဆက်ဖက်မယ်...

Tuesday, June 24, 2008

မတူညီတဲ့လောကကြီး.......

ကျွှန်တော်ရဲ့ ဘာမှန်းမသိတဲ့ အတွေးလေးတွေကို ပြောပြချင်တယ်... ကျွှန်တော်ကတော့ဘာမှမဟုတ်တဲ့သာမန်လူတစ်ယောက်ပါဘဲ (စာရေးဆရာ၊ကဗျာဆရာ၊ဒသနသမား တစ်ခုမှ မဟုတ်) ဒါပေမယ့်ခံစားချက်တွေ၊အတွေးလေးတွေကို ဘာမှန်းမသိအောင်ရေးတော့မယ်..ကျွှန်တော်စဉ်းစားကြည့်တယ် လူတွေတစ်ဦးနဲ့တစ်ဦးမွေးတုန်းကနေအခုအချိန်ထိ တူညီတဲ့အရာတွေ မတူညီတဲ့အရာတွေ အများကြီးဘဲ... ဆင်းရဲသားတစ်ယောက်နဲ့ လူချမ်းသာတစ်ယောက် မတူညီတဲ့အရာတွေအများကြီးရှိနေပေမယ့် တူညီတဲ့အချက်လေးတွေအများကြီးရှိတယ်လို့ကျွှန်တော်တွေးမိတယ်.. အဲ့ဒါတွေ ကဘာတွေလဲ ...ချမ်းသာတဲ့လူတွေကရောဘာလို့ချမ်းသာနေတာလဲ.. ဆင်းရဲနေတဲ့လူတွေကရောဘာလို့ဆင်းရဲနေတာလဲ.. ဒါကလောကကြီးရဲနိယာမဘဲလား ဒါတွေကမတူညီတွေလူတွေကမတူညီတဲ့ မိသားစုတွေကနေပေါက်ဖွားလာ ကြတာာ.. တူညီတဲ့မိသားစု တစ်စုကနေ ပေါက်ဖွားလာတဲ့ လူတွေကရောဘာလို့ မတူညီကြတာလဲ.. မတူညီတာတွေက ချမ်းသာကြွယ်ဝမှူ၊ ကံတရား၊ ခံယူချက်.. ခံစားချက်၊ အသိညဏ်ပညာ၊ အတွေ့အကြုံ၊ ရင့်ကျက်မှူ......ဟာဘာတွေမှန်းကိုမသိတော့ဘူး....ရူးလောက်ပါတယ်ဗျာ.. စာဖတ်တဲ့သူတွေကူညီစဉ်းစားပေးပါအုန်းဗျာ.. ဘာတွေတူညီသလဲ၊ဘာတွေမတူညီတာလဲ၊ ဘာလို့မတူညီတာလဲ၊ဘာလို့တူညီတာလဲ၊ အားလုံးတူညီခဲ့ရင်ရော..????????

[+/-] ဆက်ဖက်မယ်...

ကူညီကြပါအုန်းဗျာ.......

ဘယ်ကဘယ်လိုစရမလဲ....? ဘာကိုဘယ်လိုရေးရမလဲ......? ဘယ်ကဘယ်လိုစရမလဲ....? ဘာတွေဘယ်လိုလုပ်ရမလဲ.....?

[+/-] ဆက်ဖက်မယ်...

ကျွှန်တော်ရဲ့ ခံစားချက်နိဒါန်း....

ကျွှန်တော်အခုမှ blog ရေးနည်းကိုသင်ပြီးတော့ ဒီ blog ကိုပထမဆုံး စတင်ရေးတာပါ..ကျွှန်တော်ရည်ရွယ်တာကတော့ ကျွှန်တော်ရဲ့ဘာမှန်းမသိတဲ့ ခံစားချက်တွေ... အတွေးတွေ.... မတောက်တခေါက်သိတာလေးတွေကို ပြောပြချင်လို့ပါ..မူကြိုစတက်ခါစ ကျောင်းစနေခါစ တုန်းက "၀လုံး" ကိုစရေးဖို့ခက်သလိုပါဘဲ..ဘယ်အရာမဆို အစမှာလူတိုင်းအခက်ခဲတွေရှိနေပါတယ်... ဆရာမပြနည်းမကျဆိုတဲ့အတိုင်း ကျွှန်တော်ရဲ့ကြားဆရာ၊မြင်ဆရာ၊သင်ဆရာ တွေကို အမြဲတမ်းဦးထိပ်ထားလျက်ပါ......

[+/-] ဆက်ဖက်မယ်...

Monday, June 23, 2008

လူတွေရဲ့စိတ်.........

လူသားတွေအားလုံးမှာ တူညီတာတွေအများကြီးရှိသလိုမတူညီတာတွေလည်း အများကြီးဘဲ..... အဲ့ဒီမတူညီတဲ့ထဲက ကွာခြားနေတဲ့ လူတွေရဲ့စိတ်တွေကြောင့်........

[+/-] ဆက်ဖက်မယ်...