Tuesday, July 8, 2008

ကျွှန်တော်သိသမျှလေး ကိုပြောပြချင်လို့ အပိုင်း (၄)

အင်း အပိုင်း (၁) မှာဖောခဲ့တဲ့ Transmission ပိုင်းပေါ့ ကဲစလိုက်ကြဆို့နော်.... ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး တစ်နေရာနဲ့တစ်နေရာ အဆောက်အအုံတစ်ခုနဲ့တစ်ခု တစ်မြိုနဲ့တစ်မြို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမျိုးမျိုးပေါ့ အဲ့ဒီလိုမျိုးဆက်သွယ်ဖို့ က အဲ့ဒါက Transmission ပေါ့ သူက တော့တော်တော်ကျယ်ပြန့်တယ်...ကွန်ပျူတာသမားတစ်ဦးထဲ ဖန်တီးလို့ရတာမဟုတ်ဘူး... ကဲ ကျွှန်တော်တို့အခုဆက်သွယ်နေတဲ့ အနေထားကိုကြည့်ရအောင်....


ကဲကျွှန်တော်တို့ အခုဆက်သွယ်နေတဲ့ဖုန်း... တစ်ဦးနဲ့တစ်ဦး ပြောနေကြတယ် အသံတွေ ဒါတွေက ဘာတွေလဲ frequency အဲ့ဒီfrequency ကို ဘယ်လိုမျိုးလဲ analog လား digital လား အခု လွင့်တင်နေတဲ့ အသံလွှင့်ဌာနတွေ ဘာတွေနဲ့ လွှင့်လဲ သူတို့လည်း frequency ဘဲ ကျွှန်တော်သိသလောက်နော်... အင်းထားပါတော့ ကျွှန်တော်တိုကွန်ပျူတာကရော ဘာနဲ့အလုပ်လုပ်တာလဲ အထဲမှာပါတဲ့ hardwareကရော ဘာတွေလဲ အားလုံးက digital တွေနဲ့အလုပ်လုပ်တာနော် အဲ့ဒီ digital တွေက 0101010110011 အမျိုးပေါ့ အဲ့ဒါတွေကိုဆက်သွယ်ဖို့ ဘာလိုလဲ ပုံမှန်အားဖြင့် တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့အတွက် ကြားခံ media တစ်ခုလိုအပ်တယ်.... အဲ့ဒီကြားခံကိုဘာတွေသုံးမှာလဲ အဲ့ဒီကြားခံကိုဘယ်လိုပုံစံနဲ့သုံးမှာလဲ ကြာရှည် Stable ဖြစ်ဖို့ optimize ဖြစ်ဖို့ ဘယ်လိုသုံးမလဲ ဘာပစ္စည်းတွေ ဘယ်နေရာမှာသုံးမလဲ အဲ့ဒါက ဒီ Transmission ပိုင်းမှာအရေးအကြီးဆုံးဘဲ အခုကျွှန်တော်တို့အသံ ရဲ့ frequency က 64kbs လို့ကျွှန်တော်ကြားဖူးတယ်.. အဲ့ဒီ frequency ကို ဘာနဲ့သွားလဲ ရိုးရိုး ဖုန်းလိုင်းမှာဆိုရင်တော့ copper ကြိုးပေါ်ကနေ သယ်တယ် တစ်ဖက်လူရဲ့အသံကို နောက်တစ်ဖက်လူစီကို သယ်ပြီး realtime ကြားရအောင် ပို့ဆောင်ပေးတယ် analog frequency နဲ့ ဟုတ်ပြီဒါဆို ကျွှန်တော်တို့ က ကွန်ပျူတာသုံးမယ် ခနကလိုမျိုးတစ်ဖက်နဲ့တစ်ဖက် သုံးလို့ရမလား ရတော့ရတယ် မရသေးဘူး ကျွှန်တော်တို့သုံးတဲ့ ကွန်ပျူတာ က digital လေ အဲ့တော့ ကြားခံ အသုံးပြုပြီး analog ကနေ digital ကိုပြောင်းဖို့ converter လိုသွားပြီလေ အဲ့ဒီပြောင်းမဲ့ဟာကို MODEM လို့ခေါ်တယ်....

[+/-] ဆက်ဖက်မယ်...

ကျွှန်တော်သိသမျှလေး ကိုပြောပြချင်လို့ အပိုင်း (၃)

ွ

အပိုင်း (၂) ရဲ့အဆက် အပိုင်း (၃)....ကိုစမယ်နော် အပိုင်း(၁) မှာပြောခဲတဲ့အတိုင်း အိမ်လေးတွေကို ဆောက်ချင်တယ်ဆိုရင် internet ပေါ်မှာရော ကိုယ်ရဲ့ စက်မှာ ဘာမှမချိတ်ဆက်ဘဲနဲ့လည်း အိမ်လေးတစ်အိမ်ကိုတည်ဆောက်လို့ရတယ်နော်...ပျော်ဖို့ကောင်းပါတယ်.. စမ်းချင်တယ်ဆိုရင်တော့ ကိုဖိုးလပြည့် ဆီကိုသွားလိုက် သူစီမှာ အိမ်ဆောက်တဲ့နည်းတွေစုံတယ် ကျွှန်တော်ကတော့လေ့လာဆဲမလို့ နောက်မှအဲ့ဒါနဲ့ပတ်သက်ပြီးပြောပြတော့မယ်... ကဲကျွှန်တော်ရှေ့ဆကဖောလိုက်အုန်းမယ်


အင်း အပိုင်း (1)မှာပြောတဲ့ Generation အပိုင်းဖြစ်တဲ့ Server တွေက FTP တို့ MAIL တို့ ကတော့web serverလိုပါဘဲ... user ဘက်ကအသုံးပြုရတာလွယ်သလို လုပ်ငန်းအသုံးပြုရတာ လွယ်ကူအောင်ပေါ့ FTP ကတော့ ကို local network မှာဘဲဖြစ်ဖြစ် အင်တာနက်မှာဘဲဖြစ်ဖြစ် ကိုယ်တည်ဆောက်ထားတဲ့ user account နဲ့ file တွေကို upload တင်လို့ရသလို download လုပ်လို့ရအောင်လုပ်ထားတယ် Server ပေါ့ အပိုင်း(၁)မှာပြောခဲ့တဲ့ သယ်ဆောင်ရေးယဉ်တစ်ခုပေါ့ အင်း ကိုယ် localnetwork တစ်ခုမှာလည်း FTP server လေးတည်ဆောက်လို့ရတယ်နော် ရိုးရိုး windowxp မှာဘဲ software လေးကတော့ Zftp တဲ့ နောက်ထက်လည်း အများကြီးပါ ကိုရုံးတွင်း အတွင်းမှာဆိုရင်တော့ တော်တော်လေးအဆင်ပြေမှာပါ... mail server ကတော့ စာတိုက်ကြီးပေါ့ အင်းအဲ့ဒီစာတိုက်ကြီးကိုရော ကိုယ်ဘာသာကိုယ်တည်ဆောက်ပြီး local မှာ အချင်းအပြန်အလှန်ပို့လို့ရတယ်နော် ကျွှန်တော်သုံးတဲ့ Software လေးကတော့ VPOP3 တဲ့ ဟိုတစ်လောကလည်း post တင်ထားပါတယ် ဖတ်ကြည့်လိုက်တော့နော် အင်းနောက်ထက် Server တွေက ကျွှန်တော်တို့ကို အင်တာနက်ဝေမျှနေတဲ့ proxy server ပေါ့ သူကတော့ ကျွှန်တောတို့ user ပိုင်းမှာ ဘာမှလုပ်စရာမရှိပေမယ့် server administrator အတွက်တော့ တော်တော်လေး အလုပ်များမယ့်အရာပါ ဟို website ပိတ်လိုက်အုန်း ဒီ website ပိတ်လိုက်အုန်း ဟိုကတက်လာတာ ဒီကတက်လာတာ ဟိုဟာတွေကြည့်နေတယ် ဒီဟာတွေကြည်နေတယ် ဒါတွေအားလုံး ကို စိတ်ညစ်အောင်လုပ်ရတဲ့ cache server proxy server လို့ခေါ်တာပေါ့ user ကတော့ ပိတ်ရင်ကျော်မယ်.... ဟိုကသွားမယ်ဒီကသွားမယ်.... အင်တာနက်သုံးရင် သူမပါရင်မဖြစ်ဘူးနော်... အင်တာနက်နဲ့ပတ်သက်တဲ့ software ကိုသုံးမယ်ဆိုရင်တော့ proxy setting ကိုတော့ဘယ်တော့မှမမေ့နဲ့နော် ကျွှန်တော်သိတာတော့ မြန်မာနိုင်ငံမှာ proxy တွေအများကြီးထိုင်ထားပြီး သူတို့အားလုံးကိုပေါင်းပြီး ygncache3.mpt.net.mm ဆိုတဲ့ အမည်နဲ့ ကျောဇောနေတာပေါ့ ဟိုဟိုဒီဒီ site တွေသွားလိုက်ရင် Access Denied ဆိုတဲ့ web page ကြီးကတက်လာတာ Proxy Server ကြောင့်ပေါ့ အဲ့ဒါတွေကိုကျော်ဖြတ်မယ်ဆိုရင်တော့ အမျိုးအမျိုးသောနည်းလမ်းတွေရှိပါတယ်... Software နဲ့ လား web site ကနေလား အမျိုးအမျိုးပေါ့ အဲဒီလို အင်တာနက်ကိုဝေမျှနေတာကို ISP(Internet Service Provider) လို့ခေါ်တယ်လို့ ကြားဖူးတယ်... ဒါတွေကတော့ကျွှန်တော်သိတဲ့ Generation အပိုင်းပါ....

[+/-] ဆက်ဖက်မယ်...

ကျွှန်တော်သိသမျှလေး ကိုပြောပြချင်လို့ အပိုင်း (၂)

Web portal တစ်ခုကိုကျွှန်တော်တို့ အိမ်တစ်အိမ်ဆောက်တယ်လို့သဘောထားပြီး အိမ်လေးတစ်အိမ်ကိုဆောက်ကြည့်ရအောင်.....


အိမ်တစ်အိမ်ဆောက်ဖို့ မြေကွက် လိုတယ် အဲ့ဒီမြေကွက်ကို ၀ယ်ရမယ် ဒါမှမဟုတ်ရင် လျှောက်ရမယ် အဲဒါကို webhosting တစ်ခုလုပ်တယ်လို့သတ်မှတ်လို့ရတယ်.... ပြီးတော့ အဲလိုမြေကွက် ကိုဘယ်သူအမည်နဲ့လျှောက်မှာလဲ..... လျှောက်တဲနမည်တို့ လိပ်စာတို့အတွက် username တို့ email လိပ်စာတို့နဲ့ လျှောက်ရတယ် ပြီးရင် ဒီအိမ်ကို အမည် ဒါမှမဟုတ် အိမ်နံပါတ် တစ်ခု သတ်မှတ်ပး ရတယ် အဲ့ဒါကို ကိုယ် Website ရဲ့ domain name လို့ပြောလို့ရတယ်... ဥပမာ www.kolynn.com ပေါ့ အင်းအဲ့ဒါတွေပြီးပြီဆိုရင် အဲ့ဒီမြေကွက်လပ်ကို အိမ်ဆောက်ဖို့ Foundation ချရမယ် အဲ့ဒါကို database ဆောက်တယ်လို့ပြောမယ်.... ကဲဟုတ်ပါပြီအဲ့ဒီ နေရာကို ပစ္စည်းတွေဝယ်ပြီးရွေ့ဖို့ အတွက် ကား ဒါမှမဟုတ် ရထား သယ်ယူဖို့တစ်ခုခုပေါ့ အဲ့ဒါကို FTPနဲ့သယ်မယ်... အဲ့လို ပစ္စည်းတွေနဲ့ ကိုယ်ရထားတဲ့မြေနဲ့ ဘယ်လိုဆောက်မယ် ဘယ်လိုဒီဇိုင်း ဆွဲမယ် ပုံဖောဖို့အတွက် အင်ဂျင်နီယာ လိုတယ် အဲ့ဒီအင်ဂျင်နီယာကလည်း သူကျွမ်းကျင်တဲ့ပုံစံကိုဘဲသူဆောက်ပေးမှာပေါ့ အဲ့ဒါကို web page တက်လာအောင်အဓိကလုပ်ပေးမယ့် software or package လို့ခေါ်တယ်... အဲဒီလို အင်ဂျင်နီယာရပြီဆိုရင် အဲ့ဒီအင်ဂျင်နီယာနဲ့ ကိုယ်နဲ့ စာချုပ်တွေချုပ် ဘယ်လောက်ကျမယ် ဘယ်လောက်ကြာမယ်ဆိုပြီး စာချုပ်တွေချုပ်မယ် အဲ့ဒါကို web page တင်တဲ့အခါ ဖြည့်ရတယ် register တွေပေါ့ အဲ့လိုဖြည့်တဲအခါမှာ အင်ဂျင်နီယာကမေးပြီ ဘယ်နေရာ ဘယ်နမည်နဲ့ ဘယ်လိုဆောက်မှာလဲ လို့ မေးပြီ... အဲ့ဒါတွေကိုဖြေနိုင်မှရမယ်.... ပြီးရင် ကိုယ်က သူကိုကိုယ်ဆောက်ချင်တဲ့ design ပြောပြီး ဖြည်းဖြည်းချင်းစီဆောက်ပေါ့ လိုတဲ့ ပစ္စည်းတွေဝယ်ပေါ့ အင်ဂျင်နီယာနဲ့ လည်း ကိုက်မှဖြစ်မယ်နော် သူက အဓိကဆောက်ပေးရတယ်လူဆိုတော့ သူက html နဲ့ဆောက်ရင် ကိုယ်ကလည်း html နဲ့ဘဲပေါ့ သူက php ဆိုရင် ကိုယ်ကလည်း php ပေါ့.... အဲလိုနဲ့ web site တစ်ခု ဒါမှမဟုတ် web portal တစ်ခုဆောက်ရတာပေါ့ ပြီးတော့ ကိုယ်ကိုသူငယ်ချင်းတွေလာလည်အောင် လုပ်ရတော့မယ်လေ.. အဲ့ဒါကတော့ ကိုရဲ့ idea ပေါ့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပေါ့ entertainment တွေ ဗဟုသုတတွေ ရုပ်ပုံတွေအမျိုးမျိုးနဲ့ပေါ့ စသည်အားဖြင့်ပေါ့ website တင်တဲ့ ရည်ရွယ်ချက်တွေနဲ့ဘဲဆိုင်တော့တယ် ကဲအဲ့ဒါ web page တင်ခြင်းရဲ့ အသုံးပြုတဲ့ user ပိုင်းပေါ့ ပြီးရင် အဲ့ဒါတွေကို စီမံခန့်ခွဲ အုပ်ချုပ်တဲ့ အရာကတော့ web server administrator ပေါ့ သူကတော့ ၀န်ဆောင်မှုလုပ်ပေးရတဲ့လူဆိုတော့ နဲနဲတော့ကျွှမ်းကျင်ရတယ် server ပိုင်းကတော့် နဲနဲများများရှုပ်တယ် ပြီးတော့ ဘာသာစကားမတူတဲ့ အရာတွေနဲ့ ဆက်ဆံရတယ် (linux Os ) အမျိုးအမျိုးပေါ့ တော်တောလေးလဲရှည်သွားပြီ အပိုင်း (3) ရောက်မှကျွှန်တော်သိသလောက် ဆက်ဖောတော့မယ် ဟဲဟဲ ဆက်ပြောမယ်လို့ပြောတာ ပါ အမှားပါရင်လည်း အမှားပြင် ဖတ်ပေးကြပါ သိသလောက်ပါ ဆရာကြီးလုပ်တာမဟုတ်ပါဘူး.........

[+/-] ဆက်ဖက်မယ်...

ကျွှန်တော်သိသမျှလေး ကိုပြောပြချင်လို့ အပိုင်း (၁)

တကယ်တမ်း Generation Transmission Distribution ဆိုတဲ့ အပိုင်းကြီး သုံးပိုင်း ပဲရှိတယ် လို့ထင်တယ် ပထမGeneration ကတော့ Server ကြီးတွေပေါ့ သူတို့ က Generate လုပ်နေကြတာလေ.... အင်းပြီးတော့ Transmission ပေါ့ သူက တော့ တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ဖို့ ဆက်သွယ်မှူကွန်ယက်ပေါ့ data တွေကို ဘာနဲ့သယ်မလဲ ကဲ သေချာတာကတော့ ကြိုးပေါ့ ဟုတ်ပြီဘာကြိုးလဲ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး ဟုတ်ပြီ နီးနေရင် ဘာနဲ့သွယ်မလဲ ဝေးရင်ရောဘာနဲ့သယ်မလဲ တစ်အိမ်နဲ့တစ်အိမ် တစ်ရပ်ကွက်နဲ့တစ်ရက်ကွက် တစ်မြို့နဲ့တစ်မြို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဘယ်လိုသယ်ယူပို့ဆောင်ရေးလုပ်မလဲ အဲ့ဒါက transmission ပိုင်း အင်းရလာတဲ့ဒေတာတွေကို ဘယ်ကိုဘယ်လိုသွားဘယ်သူ ဘယ်လိုမျိုးယူ ဘာနဲ့သုံး ဘယ်လိုသုံး ဘယ်လိုဖြန့် ဘာတွေလုပ်ဆိုတာ Distribution ပေါ့ .......


ကဲ ပထမ Generation မှာ Server တွေပေါ့ Server တွေဆိုတာ ဘာတွေလဲ Service ပေးတဲ့ကောင်ကို Server လို့ခေါ်တာပေါ့ ဘယ်သူတွေကို Service ပေးမှာလဲ တောင်းဆိုတဲ့ဟာတွေကိုပေးမှာပေါ့ ဒါဆိုရင်တောင်းဆိုတဲ့ အပိုင်းကို Client လို့ခေါ်လို့ရမယ်ထင်တယ်... အင်းထားတော့ Server က ဘယ် Service ကိုပေးမှာလဲ ကျွှန်တော်သိသလောက်တော့ Server အမျိုးအစားတွေက WEB, FTP, DNS, MAIL, PROXY, အများကြီးတော့အများကြီးဘဲ ကျွှန်တော်ကတော့ဒါတွေဘဲသိတယ် ဒါတွေဘဲ သိသလောက်ပြောပြချင်တယ်... Web site တွေ ကြည့်ကြတယ် client ဘက်ကနေ ကြည့်ကြတယ် အဲ့ဒီထဲက Data တွေ web page တွေက ကြည့်တဲစက်မှာ ရှိတာမဟုတ်သလို လမ်းက transmission လိုင်းပေါ်မှာလဲ ရှိတာမဟုတ်ဘူး..... ဒါဆိုဘယ်မှာရှိတာလဲ webserver မှာရှိမှာပေါ့ ..... ဒါဆိုရင် webservice ကိုပေးတယ်လို့သတ်မှတ်လို့ရမှာပေါ့ webpage တွေကို ရေးကြတယ် အမျိုးအမျိုးသော language တွေနဲ့ ရေးကြတယ် ကျွှန်တော်သိသလောက်တော့ html ,php, css, xml. အထောက်အကူပြု နေကြတာတော့ java flash graphic တွေ video editing တွေ animation တွေ အမျိုးအမျိုးသော effect တွေပေါ့ web portal ကြီးဖြစ်အောင် လုပ်ကြရတာပေါ့..

[+/-] ဆက်ဖက်မယ်...

Saturday, July 5, 2008

Screen ကို Caputre ဖမ်းရအောင်

မြင်ဘူးမှာပါ Video Learning တွေကိုကြည့်ဖူးမှာပေါ့ ကိုယ်လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် Screenကို ဖမ်းပြီး Video တည်းဖြတ်ချင်ရင် ဖမ်းတဲ့ Software လေးရှိတယ် ..Software က Camtasia Studio တဲ့ လိုချင်ရင်တော့ ....



ဒီမှာရှိတယ် ကိုလုပ်ထားတာတွေကို video ဖိုင်နဲ့ ပြလို့ရပြီနော် သိပြီးသားလူတွေဆိုရင်တော့ ဟဲဟဲ ကိုကိုဖောပေါ့ဗျာ........

[+/-] ဆက်ဖက်မယ်...

blog တွေကို လွယ်လွယ်ကူ post တွေအားလုံးကိုဖတ်လို့ရအောင်

google reader ရှိတယ်လေ သူက ကိုသွင်းထားတဲ့ blog တွေကို သီးသန့်post တွေကိုဘဲ ရွေးပြီးပြပေးတော့ ဖတ်ရတာအဆင်ပြေတယ်...



http://www.google.com/reader/view/သူလဲ google account ရှိတဲ့လူဆိုရင် သုံးလို့ရတယ်

[+/-] ဆက်ဖက်မယ်...

စာအုပ်မလိုဘဲ internet ဆိုင်ကိုသွားမယ်

သိပြီးသားဆိုရင် တိုးတိုး အခု လူကြီးတွေဒါမှမဟုတ် အခုမှ internet စသုံးတယ်သူတွေ ဆိုင်တွေမှာလာပြီဆိုရင် စာအုပ်လေးတွေနဲ့ သူတို့မှတ်ထားတဲ့ link လေးတွေကိုယူလာကြတယ်.. ကျွှန်တော်လည်းအရင်ကဒီလိုဘဲ ကဲအရေးရယ်အကြောင်းရယ် စာအုပ်ပါမသွားဘူးဆိုရင် ကိုယ်သွားချင်တဲ့ linkကိုမေ့ သွားရင် တော်တော်ဒုက္ခရောက်တယ်နော် ကဲအဲ့လိုမဖြစ်အောင် google ရှိတယ်လေ... google မှာ igoogle လို့ရိုက်ထည့်ပြီး google acccount ရှိတယ်လူကတော့ သုံးလို့ရမှာပေါ...



ှုGO TO THE "IGOOGLE "
အဲ့ဒီထဲမှာ ကိုယ်မှတ်ချင်တဲ့ link တွေ website တွေ email တွေ ပုံတွေ အများကြီးသိမ်းလို့ရတယ်.......

[+/-] ဆက်ဖက်မယ်...

notepad ထဲမှာ သူများမသိအောင် စာတွေရေးရအောင်....

notepad တစ်ခုမှာ ကြိုက်တာရေးပြီး C:\ ထဲမှာ ကြိုက်နှစ်သက်တဲ့ Rename နဲ့ Save လိုက်..... Notepad ဆိုကတည်းက .txt ဖြစ်မှာပေါ့ အဲ့ဒီnotepad ထဲမှာဘဲ သူများတွေမသိအောင်စာတွေရေးမယ်...



ခုနက C:\ ထဲမှာ Save ထားတာနော် Rename ကိုထားတပါတော့ kolynn.txt ဘဲထားပါတော့.. ပြီးရင် Start Menu ထဲက Run ထဲမှာ cmd လို့ရိုက်လိုက် ပြီးရင် အမဲ Screen ထဲမှာ cd \ လို့ရိုက်လိုက် C:\ ထဲကိုရောက်သွားလိမ့်မယ် အဲ့ဒီမှာ ခုနက Save ထားတဲ့ notepad ကိုပြန်ခေါ်မယ်.. notepad kolynn.txt:hidden.txt လို့ရိုက်လိုက် ပြီးရင် notepad တစ်ခုကျလာလိမ့်မယ် အဲ့ဒီထဲမှာ သူများမမြင်ချင်တဲ့ စာတွေ ကိုယ်ဝှက်ထားချင်တဲ့ အရာတွေကိုရိုက်ပြီး Save လိုက်.... ဒါဆိုရင် ခုနက c:\ ထဲမှာ Save လုပ်ထားတဲ့ kolynn.txt ဆိုတဲ့ notepad ထဲမှာခုနက ၀ှက်ထားတဲ့ စာကိုမမြင်ရတော့ဘူး ပြန်ဖော်ကြည့်ချင်တယ်ဆိုရင်တော့ ခုနကအတိုင်းဘဲ kolynn.txt:hidden.txt လို့ရိုက်လိုက် ပြန်ပေါ်လာလိမ့်မယ်..... စမ်းကြည့်လိုက်နော် Password တို့အခြား သိမ်းချင်တဲ့ သူများမသိချင်တဲ့ စာတွေကိုသိမ်းလို့ရတာပေါ့ အိုကေ လုံခြုံသွားပြီနော် ..........အော်မေ့သွားလို့ ကြိုက်တဲ့နေရာနဲ့ ကြိုက်တဲ့ rename နဲ့ ရတယ်နော် အခုလွယ်အောင်လို့

[+/-] ဆက်ဖက်မယ်...

Window XP ပေါ်မှာ email Server တည်ဆောက်ရအောင်......

ကဲ ကိုရုံးတွင်း (သို့) ဆိုင် အတွင်း မှာ အချင်း အပြန်အလှန် email ပို့ရအောင် ဒါဆို email Server တော့ လိုလိမ့်မယ်.. ကဲ email Server ကို VPOP3 Software ကိုသုံးပြီး Client က outlookexpress ကိုသုံးမယ် ... အသေးစိတ်ကို သိချင်ရင်တော့ ဒီထဲမှာ ပါတဲ့ pdf ဖိုင်ကို ဖတ်ကြည့်လိုက်တော့....



[+/-] ဆက်ဖက်မယ်...

ကွန်ပျူတာ နှစ်လုံး ကို ဖုန်း၂လုံးကြားခံထားပြီး ဘယ်လို ဆက်သွယ်မလဲ.......

ကျွှန်တော်သိတာလေးတွေကို ပြောပြချင်လို့ပါ သိပြီးသာဆိုတော့ တိုးတိုး ကွန်ပျူတာ Laptop (MODEM) ပါတဲ့ နှစ်လုံးကို သူတို့အနှစ်လုံးထဲ ကြားထဲမှာ INTERNET လဲ သုံးလို့မရတဲ့အခြေအနေ ဓါတ်ပုံ သို့ အရေးအကြီး တဲ့ file တွေ ကိုပို့မယ်ဆိုရင် ကြားထဲ မှာ Telephone နှစ်လုံးကို အသုံးပြု ပြီး Connection ယူလို့ရတယ်..... ဘာSoftware မှ မလိုဘူး လွယ်လွယ်လေးပါ....


ပထမဆုံး Start ထဲက Run ထဲမှာ services.mscကိုရိုက် ပြီးရင် Routing and Remote Access ကို Automatic ပြောင်း ပြီးရင် Start လုပ် ok ရပြီ

ပြီးရင် Control Panel ထဲက Network Connections ကိုသွားလိုက်

အဲ့ဒီ ထဲမှာရှိတဲ့ Incoming Connection ကို Double Click နှိပ်လိုက် ပြီးရင်General Tab ကို သွားလိုက်ရင် modem ကိုရွေးပြီး select လုပ်ပါ ပြီးရင် အောက်မှာရှိတဲ့ Virtual Private Network ကို အမှန်ခြစ်လိုက် ပြီးရင် User Tab မှာ New User ကိုသွားလိုက် ပြီးရင် User Name နဲ့ password ကိုထည့်ပြီးသွင်းလိုက် ဒါဆိုရင်တော့ရပါပြီ ဒါက DHCP နဲ့ တစ်စက်နဲ့တစ်စက်ချိတ်မှာပါ ဒါတွေအားလုံးက နှစ်လုံးချိတ်မယ်ဆိုရင် တစ်လုံးမှာ လုပ်ရင်လုံလောက်ပါပြီ တကယ်လို့ IP တွေပါထည့်ပြီးအသုံးပြုမယ်ဆိုရင်Networking Tab ကိုသွား Internet Protocol (TCP/IP) ကို select ပေးပြီး properties ကိုသွား အဲ့ဒီထဲမှာ IP ကိုထည့်ပေါ့ အဲ့ဒါပြီးပြီဆိုရင်တော့ computer ကို ဖုန်းကြိုးတက်ထားလိုက်ပါ အဲ့ဒီဖုန်းကို တစ်ဖက်မှာရှိတဲ့ computer က Dailup Connection ခေါ်သလို ခေါ်လိုက်ရင်ရပါပြီ.... ဥပမာ ခုနက လုပ်ထားခဲ့တဲ့ ကွန်ပျုတာမှာ 0222222 ဆိုပါတော့ နောက်တစ်လုံးက Control Panel ထဲက Network Connections ကိုသွားလိုက် ပြီးရင် ဘေးမှာရှိတဲ့ Create New Connection ကိုသွားလိုက် Connect to the network at my workplace ကို Select ပေးပြီး Next ကိုနှိပ် Dial-up Connection ကို Select ရွေးပြီး ရင်Company name မှာ အဆင်ပြေတာဖြည့်ပေါ့ ပြီးရင် phone no မှာ ခုနကလုပ်ထားတဲ့ computer နဲ့ချိတ်ထားတဲ့ ph no 0222222 ကိုထည့် ပြီးရင်ရပြီ ပြီးရင် Dail-up ခေါ်သလို user name password ထည့်ပြီး ခေါ်ကြည့်လိုက်တော့ ရပြီဆိုရင်တော့ ရပြီပေါ့ Dail-up ဖြစ်တဲ့အတွက် 56kbs ဘဲရတဲ့အတွက် file size များတဲ့ဟာကိုပို့ရင်တော့ နှေးပါလိမ့်မယ့် စမ်းကြည့်ကြပါ.... ကျွှန်တော်သိသလောက်ပါ..

[+/-] ဆက်ဖက်မယ်...