Saturday, July 5, 2008

ကွန်ပျူတာ နှစ်လုံး ကို ဖုန်း၂လုံးကြားခံထားပြီး ဘယ်လို ဆက်သွယ်မလဲ.......

ကျွှန်တော်သိတာလေးတွေကို ပြောပြချင်လို့ပါ သိပြီးသာဆိုတော့ တိုးတိုး ကွန်ပျူတာ Laptop (MODEM) ပါတဲ့ နှစ်လုံးကို သူတို့အနှစ်လုံးထဲ ကြားထဲမှာ INTERNET လဲ သုံးလို့မရတဲ့အခြေအနေ ဓါတ်ပုံ သို့ အရေးအကြီး တဲ့ file တွေ ကိုပို့မယ်ဆိုရင် ကြားထဲ မှာ Telephone နှစ်လုံးကို အသုံးပြု ပြီး Connection ယူလို့ရတယ်..... ဘာSoftware မှ မလိုဘူး လွယ်လွယ်လေးပါ....


ပထမဆုံး Start ထဲက Run ထဲမှာ services.mscကိုရိုက် ပြီးရင် Routing and Remote Access ကို Automatic ပြောင်း ပြီးရင် Start လုပ် ok ရပြီ

ပြီးရင် Control Panel ထဲက Network Connections ကိုသွားလိုက်

အဲ့ဒီ ထဲမှာရှိတဲ့ Incoming Connection ကို Double Click နှိပ်လိုက် ပြီးရင်General Tab ကို သွားလိုက်ရင် modem ကိုရွေးပြီး select လုပ်ပါ ပြီးရင် အောက်မှာရှိတဲ့ Virtual Private Network ကို အမှန်ခြစ်လိုက် ပြီးရင် User Tab မှာ New User ကိုသွားလိုက် ပြီးရင် User Name နဲ့ password ကိုထည့်ပြီးသွင်းလိုက် ဒါဆိုရင်တော့ရပါပြီ ဒါက DHCP နဲ့ တစ်စက်နဲ့တစ်စက်ချိတ်မှာပါ ဒါတွေအားလုံးက နှစ်လုံးချိတ်မယ်ဆိုရင် တစ်လုံးမှာ လုပ်ရင်လုံလောက်ပါပြီ တကယ်လို့ IP တွေပါထည့်ပြီးအသုံးပြုမယ်ဆိုရင်Networking Tab ကိုသွား Internet Protocol (TCP/IP) ကို select ပေးပြီး properties ကိုသွား အဲ့ဒီထဲမှာ IP ကိုထည့်ပေါ့ အဲ့ဒါပြီးပြီဆိုရင်တော့ computer ကို ဖုန်းကြိုးတက်ထားလိုက်ပါ အဲ့ဒီဖုန်းကို တစ်ဖက်မှာရှိတဲ့ computer က Dailup Connection ခေါ်သလို ခေါ်လိုက်ရင်ရပါပြီ.... ဥပမာ ခုနက လုပ်ထားခဲ့တဲ့ ကွန်ပျုတာမှာ 0222222 ဆိုပါတော့ နောက်တစ်လုံးက Control Panel ထဲက Network Connections ကိုသွားလိုက် ပြီးရင် ဘေးမှာရှိတဲ့ Create New Connection ကိုသွားလိုက် Connect to the network at my workplace ကို Select ပေးပြီး Next ကိုနှိပ် Dial-up Connection ကို Select ရွေးပြီး ရင်Company name မှာ အဆင်ပြေတာဖြည့်ပေါ့ ပြီးရင် phone no မှာ ခုနကလုပ်ထားတဲ့ computer နဲ့ချိတ်ထားတဲ့ ph no 0222222 ကိုထည့် ပြီးရင်ရပြီ ပြီးရင် Dail-up ခေါ်သလို user name password ထည့်ပြီး ခေါ်ကြည့်လိုက်တော့ ရပြီဆိုရင်တော့ ရပြီပေါ့ Dail-up ဖြစ်တဲ့အတွက် 56kbs ဘဲရတဲ့အတွက် file size များတဲ့ဟာကိုပို့ရင်တော့ နှေးပါလိမ့်မယ့် စမ်းကြည့်ကြပါ.... ကျွှန်တော်သိသလောက်ပါ..

No comments: