Saturday, July 5, 2008

ကျွှန်တော်နဲ့ နပန်းလုံးခဲ့ရသော software လေး

ကျွှန်တော်ရဲ့ ဘာမှန်းမသိတဲ့ software လေးကို ကျွှန်တော်သိသလောက်ပြောပြချင်လို့ သိပြီးသားဆိုရင်တော့ သိပြီးသားပေါ့ ဒါပေမယ့် ကျွှန်တော်က တော့ ပြောရမှာဘဲ……
Software လေးက AutoPlay Media Studio 6.0 တဲ့ Indigo Rose Corporation ကထုတ်တာ….


သူက ဘာလုပ်လို့ ရလဲဆိုတော့ အများကြီးဘဲ…. ကိုယ်စိတ်ကြိုက်ဖန်းတီး လို့ရတယ် ကြိုက်တယ်နေရာမှာ အသုံးပြုလို့ရတယ်…… တော်တော်လေးလဲ ပျော်ဖို့ကောင်းပါတယ်.. လေ့လာကြည့်ပါ…….ဒီ Software ကို ဒီမှာ ယူလိုက်တော့ cruck file ရောပါတယ်နော်…….
ဒီ Software ကိုရပြီဆိုရင် AutoPlay Media Studio v6.0.0.0.exe ကို install လုပ်လိုက်ပါ သိတဲ့ အတိုင်းပေါ့ install လုပ်ရင် Next ကိုသာ နာနာနှိပ်သွားတော့ ဒါပေမယ့်………. Install လုပ်ပြီးလို့ သူကို run မလားလို့ မေးရင်တော့ သွားပြီး မ run သေးနဲ့အုန်းနော် ….. Full version မရဘဲ trial ဘဲ ရရင်တော့ ……..အဲ့ဒီ software ကို မ run ခင် cruck file ကို ကူးယူပြီး သူရဲ့ file location ရှိမယ့် နေရာကိုသွားပြီး paste သာလုပ်လိုက်တော့

ပြထားတဲ့အတိုင်းဘဲ Data , ams60.exe, INFO.NFO , တွေကို "C:\Program Files\AutoPlay Media Studio 6.0 Trial" အောက် ကိုသွားပြီး pasteလုပ်လိုက်ရင် full versionရပြီ…..
ကဲကဲ စရအောင်…. ပထဆုံး Desktop ပေါ်က AutoPlay Media Studio 6.0 Trial ကိုနိုပ်လိုက်ရင်

မြင်ရတဲ့ အတိုင်းဘဲပေါ့ အခုမှစလုပ်မယ်ဆိုရင်တော့ CREATE A NEW PROJECT ပေါ့ ……

ဒါကတော့ သူထဲမှာ ပါတဲ့ နမူနာ project နဲ့ simpale Template တွေပေါ့……… ကြိုက်တာသာစမ်း ကြည့်လိုက်တော့ ကြိုက်သွားလိမ့်မယ်…….. ဘာဆက်လုပ်ချင်လဲ….. ကဲ သူပြထားတဲ့ နမူနာထဲ ကလွယ်တဲ့ Card ကိုဘဲ စမ်းလိုက်မယ်နော် ………… မစမ်းခင် သူရဲ့ menu bar တွေ ဘယ်က ဘာလိုလုပ်တာတွေ ကိုအရင် ပြမယ်လေ….အဓိကအရေးပါတာတွေကိုဘဲ ပြေပြတော့မယ်နော်…..

**1** ===== ရွေးလိုက်တဲ့ Tamplate ရဲ့ Page ဘဲ အဲ့ဒီ page ကို အများကြီး ပြုပြင်ပြောင်းလဲ လို့ရတယ် ကိုယ်ဘာကိုယ်လဲစိတ်ကြိုက် ဖန်တီးလို့ရတယ်… အဓိက ဘာလဲဆိုတော့ သူက နောက်ဆုံး “ .exe” file ထွက်အောင် ဖန်တီးလို့ရတာ “.exe “ file တစ်ဖိုင်ကိုစိတ်ကြိုက်ဖန်တီးလို့ရတယ်…….
2 ====== သူက Project တစ်ခုရဲ့ စာမျက်နှာ တစ်ခုကို ပြနေတာ အဲ့ဒီထဲမှာ ကိုယ်ထည့် လိုက်တဲ့ object တွေ page တွေ buttom တွေ အများကြီးကို အဲ့ဒီမှဖော်ပြမှာ……
3 ====== နောက်ခံ ပုံကိုထည့်တာ
4 ===== နောက်ခံပုံ ကိုရွေးဖို့…
5 ===== သူက ဒီ Project နဲ့ ဆိုင်တဲ့ setting တွေကိုပြင်လို့ရတယ်.. ၀င်သာကြည့်လိုက်ပါတော့….
6 ===== သူကတော့ နောက်ဆုံး အဆုံးသတ်တာဘဲ အပြီးမထုတ်သေးဘဲနဲ့ကြည့်မယ်ဆိုရင်တော့ preview ပေါ့ .. တကယ်ထုတ်တော့မယ်ဆိုရင်တော့ ကြိုက်သလို အဆင်ပြေသလိုပေါ့ အကောင်းဆုံးကတော့ Web/Email executable ပေါ့ ကျွှန်တော် သုံးသပ်တာပါ… ကိုယ်အဆင်ပြေသလိုပေါ့

On Preload ကိုယ်ဖန်တီးထားတဲ့ .exe file မ run ခင် အလုပ်လုပ်မည့် action
On Show ကိုယ်ဖန်တီးထားတဲ့ .exe run နေတုန်း ဖြစ်မယ့် action
On Close ကိုယ်ဖန်တီးထားတဲ့ .exe ပိတ်ပြီးဖြစ်မယ့် action
On Timer ကိုယ်ဖန်တီးထားတဲ့ .exe run နေတုန်း timer ပေးမယ့် အခြေအနေတွင် အသုံးပြုသည်….
On Audio သီချင်း file နဲ့ဆိုင် တဲ့ action တွေပြုလုပ်လို့ရအောင် ဖွင့်တာတို့ ပိတ်တာတို့ စသည်အားဖြင့် ပေါ့ အများကြီး ဘဲ….
နောက်ပြီး ………..

ဒါကတော့ သိပ်ပြီး ပြောနေစရာမလိုပါဘူး On Preload ကိုနှိပ်လိုက်တာ အခု လို မြင်ရတာဘဲ…… သူက စာမျက်နှာ တစ်ခုရဲ့ properties ကို ဖော်ပြနေတာပါ… Settings tab မှာ က မြင်တဲ့အတိုင်းဘဲ ဘာမှာ သိပ်မပါဘူး နားလည်လောက်ပါတယ်နော်……. နောက်တစ်ခု Script ဆိုတဲ့ tab ကမှာ အရေးကြီးတာ အဲ့ဒါက အဓိကအကြဆုံးလို့ ဆိုလို့ရတယ်…..

အခု ပြထားတဲ့ ဟာကတော့ On Preload မှာ စိတ်ကြိုက် actions တွေကို ထည့်ချင် ရင် ထည့်လို့ ရတယ်… ဒါပေမယ့် Script ကိုတော့ နည်းနည်းတော့ နားလည်ရလိမ့် မယ်…… သိပ်တော့ မခက်ပါဘူး………. ကျွှန်တော် သိသလောက်တော့ ပြောပြပါမယ့်

ဒါကတော့ ကိုယ်ထည့်ချင်တည့် အမျိုးစားကိုထည့်ဖို့ဘဲ…. ဥပမာ ကိုယ်လုပ်ထားတဲ့ file မဖွင့်ခင် ဘာဖြစ်ချင်လဲ ဖြစ်ချင်သလို ဒီထဲမှာ ပါတဲ့ အတိုင်း Script ကိုနားလည်ပြီး ရေးရင် အဆင်ပြေပါလိမ့်မယ်…… ဥပမာ ကိုယ်လုပ်ထားတဲ့ File မ Run ခင် Dialog Box တစ်ခုတက်လာပြီး Welcome….. ဆိုပြီးထည့်ချင်တယ်ဆိုရင် အဲ့ဒီCategory ထဲက Dialog အမျိုးအစားကို ရွေးပြီး အောက်ကပါတဲ့ထဲက သင့်တော်မယ် အရာကိုရွေးရမယ်..
Welcome ဆိုတဲ့ Message ကိုပေါ်ချင်တယ်ဆို Dialog.Message ကိုရွေးရမှာပေါ့…. တကယ်တမ်းScript လို့သာပြောတာ နားမလည်လဲ ဘာမှတော့မဖြစ်ပါဘူး သူပေးတဲ့အတိုင်း စမ်းသာလုပ်ကြည့်လိုက်ပါ…… နောက်ပိုင်း ကျွမ်းကျင်သွားမှ Script ကိုကိုင်တွယ်ဖြေရှင်းပေါ့ အခုလောလောဆယ်တော့ သူပေးတဲ့အတိုင်းလိုက်သာဖြည့်ကြည့်လိုက်ပေါ့

Title ကတော့ Dialog Box ရဲ့ ခေါင်းစဉ် ပေါ့ Text ကတော့ ခုနကပြောတဲ့ Welcome…. ကိုဖြည့်ပေါ့ Type ကတော့ Dialog ရဲ့ အမျိုးအစားကိုပြောတာ.. Ok ဒါမှမဟုတ် YES NO လား အမျိုးမျိုးပေါ့ ကျန်တာတွေကတော့ Icon တို့ဘာတို့ကတော့ ဘာမှ သိပ်ပြောစရာမလိုပါဘူး…..ပြီးရင်တော့ Finishပေါ့…

မြင်ရတဲ့အတိုင်း ဘဲ Script ထဲမှာခုနက ဖြည့်လိုက်တဲ့ဟာတွေကို script အရ ရေးသွားတာဘဲ အဲ့ဒီတော့ နားလည်ကျွမ်းကျင်လာရင် Script file ကိုဝင်ပြီး ပြင်လို့ရပြီ
ပြီးရင် OK နှိပ်လိုက်တော့….

ပြီးရင် Menu ဘားက publish ကိုနှိပ်လိုက်ရင် Preview နဲ့ Build ဆိုတာ ပါတယ်……Preview ဆိုတာတော့ ခဏ ယာယီ အဆုံးမသတ်သေးဘဲ ကြည့်လို့ရတယ်… Build ကတော့ အားလုံးအဆုံးသတ်ပေါ့..Preview ကိုသာ လုပ်လိုက်မယ် ပြီး မှ Build ကိုပြောပြမယ်…Preview ကို နှိပ်လိုက်တော့…သို့မဟုတ် F5 ကိုနှိပ်လိုက်
မြင်တဲ့အတိုင်းဘဲ ခုနကဖြည့်တဲ့အတိုင်းဘဲ welcome… ဆိုပြီး မြင်ရပြီမဟုတ်လား……. ဒါက အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးလေးပါ…. နောက်ထက်အများကြီး လုပ်လို့ရသေးတယ်… Window platform ကိုနားလည်ပြီး လုပ်ချင်တဲ့ အရာတွေကို အကောင်ထည်ဖော်ကြည့်လိုက်ပါ…….. အရေးကြီးတာ တစ်ခုပြောဖို့မေ့နေတာ F1 ကိုတော့ မမေ့နဲ့နော်….(F1 ဆိုတာ…HELP File)ကိုဆိုလိုတာပါ…. ဖတ်ကြည့်လိုက်ပါ…..နောက်ထက်တစ်ခုအနေနဲ့ ခုနက ရွေးထားတဲ့ Card Tamplate မှာပါတဲ့ ဟာကိုဟိုပြင်ဒီပြင်လုပ်ပြီး တော့စမ်းကြတာပေါ့ ဒါကသူပေးတဲ့ဟာတွေ စမ်းသပ်နေတာနော် ကိုယ်ဘာသာကို အသစ်ရွေးပြီး လျှောက်စမ်းလို့လဲရတယ်နော်…ကဲကဲ စမယ် ပထမဆုံးသူပေးထားတဲ့ ပုံကြီး ကို ကိုယ်ပုံလဲမယ် လွယ်လွယ်လေးပါ ဓါတ်ပုံကို Double click နှိပ်လိုက်…..

မြင်ရတဲ့အထဲမှာ Browse ထဲမှာရွေးပြီးဖြည့်လိုက်တော့ ဒါဆိုရင်ပုံလေးပြောင်းသွားပြီ.. ကျန်တဲ့tab တွေကလည်း အဲ့ဒီဓါတ်ပုံနဲ့ ဆိုင်တဲ့ action တွေထည့်လို့ရတယ် ဥပမာ ဒီဓါတ်ပုံ လေးကိုနှိပ်လိုက်ရင် ဟိုဟာဖြစ်ပါဒါဖြစ်ပါ… ခုနကလို Message လေးတွေပေါ် ချင်ရင် ခုနလို Script ထဲမှာ ခုနကလိုထည့်လိုက်ပေါ့ ဟုတ်တယ်ဟုတ် ဒါမှမဟုတ် Help ကိုဖွင့်ပြီး ကြည့်လိုက်ပေါ့ လွယ်ပါတယ်… နောက်တစ်ခုလောက်ပြင်ကြည့်ကြတာပေါ့ အဲ့ဒီမှာပါတဲ့ နမည်တွေ လိပ်စာတွေ ကိုပြင်ကြည့်ပေါ့
ပြီးတော့ www.yourwebsite.com ဆိုတာကို Double နှိပ်ကြည့်လိုက် အဲ့ဒီထဲက Script ထဲကိုဝင်ကြည့်လိုက်
URL နေရာမှာကိုယ်ကြိုက်တဲ့ link ထည့်လို့ရတယ် စမ်းကြည့်လိုက်တော့နော်…. နောက်ဆုံး ပြီးရင် Build လုပ်ကြစို့ အကောင်းဆုံးကတော့ web/email executable ကအားလုံးကို အဲ့ဒီက exe file ထဲကို သိမ်းသွားတာ ထည့်တဲ့ file တွေများရင်တော့ မကောင်းဘူး… လေးပြီးကြာသွားတယ်….
အများကြီး ဘဲနော် လုပ်လို့ရတာတွေ ကောင်းတာတွေရော မကောင်းတာတွေရော… ကျွှန်တော်လည်း ဒီ Software လေးနဲ့ နပန်းလုံးခဲ့တာ ကြာပြီ ကျွှန်တော် ဒီ Software လေးကြောင့် window အကြောင်းလေးတွေကို တော်တော်များများသိလာတာပါ… ကျွှန်တော်သူငယ်ချင်းတစ်ယောက်စီက နေရတာပါ.. စမ်းသပ်ကြည့်ပါ မိုက်တယ် အခက်ခဲရှိရင်လည်း ဆွေးနွေးကြတာပေါ့ လုပ်လို့ရတာတော့ အများကြီးဘဲ ….

1 comment:

ကိုလင်း said...

ကျေးဇူးဘဲဗျာ အစ်ကို Software လေးကမိုက်တယ်